ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် လူစည်ကာရာနေရာများဖြစ်သော မြို့မစျေး၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများ အား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်နေ အိမ်ပြင်ပထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်း Mask ကို မဖြစ်မနေ စနစ်တကျတပ်ဆင် သွားလာရန်ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် တို့ကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း (Mask) များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။