မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ အရေးပေါ်လူမှုကူညီ ကယ်ဆယ်အဖွဲ့ရှိ အရေးပေါ် လူနာတင်ယာဉ်များ၏ ကားတာယာများ အသစ်လဲလှယ်တပ်ဆင်နိုင်​ရေး ကားတာယာ များနှင့် အလှူ​ငွေများ​ ပေးအပ်လှူဒါန်း

မရမ်းကုန်း​​ဖေ​ဖော်ဝါရီ ၁၈

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူအ​ရေး​ပေါ် လူမှုကယ်ဆယ်​ရေးအဖွဲ့ရှိ အ​ရေး​ပေါ် လူနာတင်ယာဥ်များ၏ ကားတာယာများ အသစ်လဲလှယ်တပ်ဆင်နိုင်​ရေး ကားတာယာများနှင့် အလှူ​​ငွေများကို ယမန်​နေ့ နံနက်ပိုင်းမှစ၍ အလှူရှင်များက လူမှုကယ်ဆယ်​ရေးအဖွဲ့ရုံးသို့​ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းသည့် အလှူရှင်များမှာ ဒေါ်အမာမိသားစုမှ (၁)သိန်းကျပ်တန်ဖိုးရှိ ကားတာ ယာ (၁)လုံး၊ ဒေါ်စန္ဒာထွေးမှ (၂၈၅၀၀ဝိ/)ကျပ်တန်ဖိုးရှိ ကားတာယာ (၃)လုံး၊ ဦးနေဝင်းထွန်း ဇနီးဒေါ်ဝါဝါအောင် မိသားစုမှ (၂)သိန်းကျပ်တန်ဖိုးရှိ ကားတာယာ (၂)လုံး၊ ကိုကျော်ကျော်လွင် မိသားစုမှ (၁)သိန်းကျပ် တန်ဖိုးရှိ ကားတာယာ(၁)လုံး၊ ဒေးဒေး (ကျောက်စိမ်းလေး)မှ အလှူငွေ  ၅၀၀၀ဝိ/ ကျပ်နှင့် ဦးစိုးမြင့်မှ အလှူငွေ ၅၀၀၀ဝိ/ကျပ် စသည်ဖြင့် အသီးသီးလှူဒါန်းခဲ့ကြ​​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)