နမ့်ဆန် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အခြေခံပညာ အလယ်တန်းဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်မြို့နယ် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ပြိုင်ပွဲများ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းထားထားလှိုင်က ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ရမည့် စည်းကမ်းချက် များကို ရှင်းလင်းဆွေးနွေးသည်၊
ဆက်လက်၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသာ/ ကျောင်းသူ(၁)ဦး စုစုပေါင်း(၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်