သထုံမြို့နယ်တွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များဥပဒေနှင့် အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

သထုံ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ မြို့နယ်အတွင်း တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အမှာစကားပြောကြား ပြီး တက်ရောက်လာသူတို့က တရားစီရင်ရေးကိစ္စရပ်များ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ တရားစီရင်ရေး၊ တရားရုံးများ ရုံးချိန်အတွင်း အပြည့်အဝ ရုံးထိုင်နိုင်ရေး၊ အချုပ်တရားခံများ အချိန်မီရုံးရှေ့ထုတ်နိုင်ရေး၊ တရားစွဲအဖွဲ့အစည်းများက တရားစွဲတင်ရာတွင် သက်သေခံ အထောက်အထားများ၊ သက်သေခံပစ္စည်းများ ပြည့်စုံစွာတင်ပြနိုင်ရေး၊ တရားစီရင်ရေးကိစ္စရပ် များတွင် အခက်အခဲများဖြစ်ပေါ်လာပါက ပေါင်းစပ်ညှိနှိုင်း၍ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရ သည်။

ကိုကိုဦး(ပြန်/ဆက်)