သထုံမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးအရေးယူမှုဆောင်ရွက်

သထုံ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ် သွားလာနေကြသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးအရေးယူခြင်းကို ယမန်နေ့၊ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ပြုလုပ် ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀)ဦးခန့်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၃)စီးနှင့် ဘေးတွဲမော်တော်ဆိုင်ကယ်(၃)စီး စုစုပေါင်း(၆)စီးအား ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိ သည့် ယာဉ်များအား သထုံမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)