မိုင်းယောင်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇ နာရီက လူအသွားအလာများသည့် ဗလမင်းထင်လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်တွင် ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေးတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်၊ ရုံးဌာန၊ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို လူတိုင်း၊ မိသားစုတိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က လိုက်လံအသိပေး ကြေညာ ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း