ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်း တစ်လျှောက်နှင့် (၈၈)ရပ်ကွက်စျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြို့နယ် ကြက်ခြေနီ စေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဈေးအတွင်း ဈေးရောင်းသူ/ ဈေးဝယ်သူ များအား Mask Campaign ဆောင်ရွက်ခြင်း၊ စည်းကမ်းစနစ်တကျ စျေးရောင်းချစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ပက်သက်၍ ပြည်သူများမပေါ့ဆကြရန် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်