လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူလက်ဝယ်အ‌ရောက်ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း)  ဖေဖော်ဝါရီ   ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး က "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁၉)ရပ်ကွက်ရှိ ပြည်သူများအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူးဦးကိုကိုနှင့် ဒု-လဝကမှူးတို့က ဦးဆောင်သော အဖွဲ့က အမှတ်(၁၉)ရပ်ကွက်ရှိ အသက်(၁၈)နှစ်ပြည့်သူ စုစုပေါင်း(၁၇၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း ရပ်ကွက် အုပ်ချူပ်ရေးမှူးထံမှ သိရသည်။

ဝေဝေ