ရမ်းဗြဲမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရမ်းဗြဲ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ရောဂါပိုးနှင့် ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အချက်များပါရှိ အသိပညာပး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ရမ်းဗြဲမြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ လှည်လည်ပြီးဖြန့်ဝေပေးခဲ့ကြကြောင်း သိရ သည်။

ထိုသို့  ဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက်   မိမိတို့၏ မြို့ရွာအတွင်းတွင်လည်း ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက်  သတိပြုကြရမည်ဖြစ်ကြောင်း အလွန်ပင် စိုးရိမ်စရာမလိုအပ်ကြောင်း သို့သော်လည်း  မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း များက တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း  သို့မှသာ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း သို့ဖြစ်ပါ၍  ပြည်သူများ အနေဖြင့် လူစုလူဝေးများကို ရှောင်ရှားကြရန်၊ အပြင်သို့ ထွက်ခွာသွားလာမည်ဆိုပါက ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့် တစ်ဦးကိုတစ်ဦး သတိပေးခြင်း အသိပေးခြင်းများနှင့် အတူ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကို   ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက်  မှာကြားပေးပြီးနောက်   ကိုဗစ်-၁၉ ရောဂါ အသိ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အောင်နိုင် (ပြန်/ဆက်)