ဒက္ခိဏသီရိ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ် သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ များပြားလာပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင် ကြဉ်ကြရန်၊ မလိုအပ်ပဲအပြင်သို့ သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာ ခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် (အိုမီခရွန်) ကူးစက်မှုမဖြစ်ပွားစေရေးအတွက် တက်နိုင်သမျှအိမ်ထဲမှာနေ၍ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ လိုက်နာကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)