နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၄ ဦး နမ့်စန်မြို့မှ ဖြတ်သန်း ၊ နမ့်စန်ဆင်းခရီးသည် ၃ ဦး Home Quarantine ဆောင်ရွက်ထားရှိ

နမ့်စန်(တ)     ဩဂုတ်   ၂၈

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၅နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ ကြောင်းသိရသည်။

မော်တော်ယာဉ် (၅)စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော ခရီးသည် ကျား (၅၅) ဦး နှင့် မ(၂၉)ဦး၊ စုစုပေါင်း (၈၄) ဦး တို့အား မြို့နယ်မှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ပြီး နမ့်စန်မြို့တွင် ဆင်းသည့်ခရီးသည် (၃) ဦးကို Home Quarantine ဆက်လက်နေထိုင်ရေး ဆောင်ရွက်ခဲ့ပြီး အခြား နေရပ်ပြန်ခရီးသည်များမှာ နံနက် ၆ နာရီတွင် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများမှာ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ကျောင်းတွင် Facility Quarantine (၁၄)ရက် ဆောင်ရွက်ထားရှိပြီး သူများဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဩဂုတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြန်လည်စေလွှတ် ခြင်းဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)