သီပေါ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက COVID-19 Antigen RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ(၄၀)ဦးနှင့် ကျောင်း သား၊ ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၆၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်းနှင့် သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ ယခုအခါ ထပ်မံတွေ့ရှိလာ သည့်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ခင်လေး (ပြန်/ဆက်)