မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

မက်မန်း ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာ​ရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မက်မန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ (၂၀၂၁-၂၀၂၂)ခု မီနီဘတ်ဂျက် ဒုတိယ(၃)လပတ်တွင် မင်းရန်အောင် စေတီ လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ဌာနကြီးကြပ်မှုဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါအတိုင်းအတာ (၂၀၀'×၁၂'×၆'')မင်းရန်အောင်စေတီ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ခွင့်ပြုငွေကျပ် (၉၈၀၀၀၀၀)တိတိဖြင့် စတင်ဆောင်ရွက်လျက်ရှိပြီး (၂၀၂၁-၂၀၂၂)ခု ဒုတိယ(၃)လပတ် အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)