မိုးမိတ် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို အုန်းကြောကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို လိုက်နာ၍ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသား မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron)များ ဝင်ရောက်ကူးစက်မှု မရှိစေရေး ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိ၊ သတိများ ရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)