ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ

                                                     ဂွ ဖေဖော်ဝါရီ ၁၇                                                 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက မူလတန်းကြိုကျောင်း၊ အ.လ.က(ခွဲ) ကင်းရုံး(၁)နှင့် အမှတ်(၈၅) သစ်စက်သို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသည့် စာဖတ် ပရိသတ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ပျောက်ပျက်မသွားစေရေး ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ သွားရောက်ငှားရမ်းပေးခဲ့ကြ သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို  အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စာအုပ်စာစောင် အသစ်များဖြင့်  လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်