ပင်လောင်း၌ ​ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲမဲခွဲ

ပင်လောင်း ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲကို ​ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပနိုင်ရန် ယမန်နေ့ နံနက် ၁၁ အချိန်က ​မြို့နယ်အားကစားကွင်း၌ ပြိုင်ပွဲဝင်အသင်းများအား အုပ်စုမဲခွဲခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဘောလုံးအသင်း ၇၂ သင်းအား အုပ်စု ၂၄ အုပ်စုဖြင့် မဲခွဲ၍ တစ်အုပ်စုလျှင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ အုပ်စုတစ်စုလျှင် အမှတ်အများဆုံး ရရှိသည့် အသင်းနှစ်သင်းအား ရှုံးထွက်အဆင့်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)