ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ငါန်းဇွန်    ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ငါန်းလွှန့်ကျေးရွာ၌ Door to Door စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးကျော်သူဝင်း၊ ဦးအေးမင်းထွဋ်နှင့် ဝန်ထမ်းများက  ငါန်းလွှန့်ကျေးရွာအတွင်းရှိ ပြည်သူများအား နိုင်ငံ သား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်၊ လဲလှယ် ခြင်းလုပ်ငန်းများကို Door to Door စနစ်ဖြင့် နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်း စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာရာအိမ်မှူး ဦးခင်းမောင်ဆွေနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြောင်းသိရ သည်။

သက်နောင်ဦး(ငါန်းဇွန်)