မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ ယာယီပိတ်ထား

မင်္ဂလာဒုံ ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက် များနှင့်အညီ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် အထက်တန်း အဆင့်‌ ကျောင်းများ ဖွင့်လှစ် ခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုများ ရှိနေသည့်အတွက် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် အတိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အထက်တန်း ကျောင်း (၁၂)ကျောင်း ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁၁) ကျောင်း ၊ စုစုပေါင်း (၂၄)ကျောင်းအား ယနေ့နံနက်ပိုင်းမှစ၍ ယာယီပိတ်ထားကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။

မြတ်သူဇာ(ပြန်/ဆက်)