မြေပုံ ဖေဖော်ဝါရီ ၁၆
မြေပုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး စာသင်ကျောင်း အခြေပြုမီးဘေးအန္တရာယ် အသိ ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီ က မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း အ.ထ.က(၁) တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုးက မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပြီး မီးသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်း၊ အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်း(ဖုံးအုပ်)၊ လက်တွေ့မီးသတ်ဆေးဗူးကိုင်ကွယ်မီးငြှိမ်းသတ်နည်း စသည့်တို့ကို လေ့ကျင့်ပြသပြီး တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက လက်တွေ့မီးငြှိမ်းသတ်စေခြင်း ပြုလုပ်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)