ရေးမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော်တို့ (၃၅) ကြိမ်မြောက် အသံမစဲပဠာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ရေး  ဖေဖော်ဝါရီ  ၁၆

မွန်ပြည်နယ် ရေးမြို့နယ်၌ မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော်တို့ (၃၅) ကြိမ်မြောက် အသံမစဲပဠာန်းသိမ်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကြီးအောင်ရပ်ကွက် ရေးမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော် ဂန္ဓကုဋိတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတသာ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သဘာပတိဆရာတော် ချောင်းတောင်ကျေးရွာ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ ငါးပါးသီလခံယူစောင့်တည်ကြပြီး စေတီတော်ဝတ်ရွတ်အသင်းမှ ပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး ဩဝါဒါဆရာတော်ကြီးများကြီးမှူး၍ ပဌာန်းဝန်ဆောင်ဆရာတော်သံဃာတော် (၅၁) ပါးတို့အား စေတီတော်ရင်ပြင်၌ ဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များမှ ဆွန်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ ကြသည်။

အဆိုပါ (၃၅) ကြိမ်မြောက် အသံမစဲပဠာန်းပူဇော်ပွဲကို တပို့တွဲဆန်း (၁၁) ရက်နေ့မှ တပို့တွဲ လဆုတ် () ရက်နေ့အထိ ၁၁--၂၀၂၂ ရက်နေ့မှ ၁၆--၂၀၂၂ ရက်နေ့ အထိ ရက်ကြာ မွန် မြန်မာနှစ်ဘာဘာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်