သထုံ ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ယာနှင့် အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တာဝန် ရှိသူများတို့က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေလုံငွေရင်းရန်ပုံငွေဖြင့် ဌေးလှိုင်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်သည့် လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ဘင်လိူင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ခြင်းလုပ်ငန်းတို့အား သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး၊ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျဆောင်ရွက်နေမှု စသည့် အခြေအနေတို့ကို စစ်ဆေးရာ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)