တိုက်ကြီး ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ရန်ကုန်-ပြည်လမ်းဘေး ဥက္ကံမြို့ဈေးအနီးတွင် ယနေ့နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campain)အဖြစ် (Mask)(၅၀၀)ကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ပါးစပ်/နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေးလှုပ်ရှားမှု(Mask Campain) ပြုလုပ်ရာတွင် ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်၊ ဥက္ကံနယ်မြေရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ၊ မြို့အတွင်းရှိ ပရိဟိတအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို ပြည်သူများမှ တိကျစွာလိုက်နာနေထိုင်ရေး နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ရေးတို့ကို ပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး လှုပ်ရှားမှု(Mask Campaign)ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထံမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)