ဥတ္တရခရိုင် လူမှုအခြေပြုဗဟိုဌာနတွင် Physical Fitness Dance အားကစားလှုပ်ရှားမှုများ ကျင်းပပြုလုပ်

ဥတ္တရသီရိ  ဖေဖော်ဝါရီ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Physical Fitness Dance အားကစားလှုပ်ရှားမှုများကို  ယနေ့ နံနက်ပိုင်းက ခရိုင် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပကြောင်းသိရသည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးအသိပညာနှင့် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင်မှုသည်လည်း ပညာရေးအတွက် အဓိကအခန်းကဏ္ဍမှာပါဝင်ကြောင်း ပြောကြားခဲ့ပြီး၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဗိုလ်ရွေး(အ-ထ-ကခွဲ)မှ ကျောင်းသူ (၄)ဦးတို့က Physical Fitness Dance ဖြင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ဗိုလ်ရွေး(အ-ထ-ကခွဲ)မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး  တက်ရောက်ခဲ့ကြောင်းသိရသည်။

ဥတ္တရခရိုင်(ပြန်/ဆက်)