မိုင်းတုံ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်အုပ်စု၊ ပါခါးကျေးရွာ၊ အထက်လွယ်ခါး၊ ကျကျီးလုံကျေးရွာများသို့ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူးဦးကျာကောတိဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာများအလိုက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ပေးခဲ့ရာ ကျန်ရှိနေသည့် ကျေးရွာနေပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ထုတ်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
မိုင်းကန်အုပ်စုတွင် ပါခါးကျေးရွာ၊ အထက်လွယ်ခါးကျေးရွာ၊ ကျကျီးလုံကျေးရွာများရှိ ကျန်ရှိပြည်သူ(၁၃၇)ဦးအား ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းထံမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ ဆက်)