မှော်ဘီ ဩဂုတ် ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာ ပေးခြင်း နှိုးဆော်ချက်များအား မှော်ဘီမြို့မစျေးနှင့် မြောင်းတကာစျေးများတွင် ကြေညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကြေညာရာတွင် မှော်ဘီမြို့နယ်၌ လူစည်ကားရာ နေရာများဖြစ်သည့် မှော်ဘီမြို့မစျေးနှင့် မြောင်းတကာ စျေးအတွင်း စျေးရောင်း၊ စျေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း (Hand Speaker) ဖြင့် ပြည်သူများ သိရှိစေရန် ကြေညာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)