ကိုဗစ်-၁၉ ရောဂါ သီးသန့်ကျန်းမာရေး စောင့်ရှောက်မှုစင်တာ ကြိုတင်ပြင်ဆင်နေမှုနှင့် စက်သုံးဆီ အ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ် ကာကွယ်ရေး လိုက်လံစစ်ဆေး

သထုံ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ သီးသန့်ကျန်းမာရေး စောင့်ရှောက်မှုစင်တာ ကြိုတင်ပြင်ဆင် နေမှုနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်အတွယ် မှန်ကန်စွာဖြင့် ရောင်ချရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့က သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်း ကျေးရွာရှိ၊ စက်မှုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေနေအား ကြည့်ရူစစ်ဆေးပြီးနောက် ဒူးရင်းဆိပ်‌ ကျေးရွာအုပ်စုရှိ "ကျော်စံ"နှင့် အောက်ကျင်း ရပ်ကွက်ရှိ "Denko" စက်သုံးဆီအရောင်းဆိုင်များအား ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ အရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ် မီးငြိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားရှိမှု အခြေအနေ၊ လုံခြုံ‌ရေး CCTV ကင်မရာများ တပ်ဆင်ထားရှိမှု အ‌ခြေအနေ၊ စက်သုံးဆီ သိုလှောင်ကန်များအား မီးဘေးအန္တရာယ် မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု အခြေအနေ၊ မီးသတ်ရေကန်များ အရန်သင့်ရေ အပြည့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှု မရှိစေရေးနှင့် စက်သုံးဆီများအား အချိန်အတွယ်နှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုဦး