မတ္တရာ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့တွင် မြို့နယ်အားကစားရုံနှင့် ကျေးရွာဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ (၁၀၁၁၈၀) ဦးအား ပထမအကြိမ်နှင့် (၆၃၆၄၇) ဦးအား ဒုတိယ အကြိမ်အဖြစ် ကာကွယ်ဆေးများထိုးနှံ ပေးနိုင်ခဲ့ပြီးဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)