သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Covaxin / Sinopharm နှင့် Covidshield တို့ကို ဆက်လက် ထိုးနှံပေးလျက်ရှိ

သံတွဲ ဖေဖေါ်ဝါရီ ၁၆

သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin / Sinopharm နှင့် Covidshield ထိုးနှံခြင်းကို ယနေ့နံနက် ၁၀နာရီမှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစင်တာ (၁၀)ခုတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin  သတ္တမအသုတ် (ပထမ) အကြိမ် ထိုးနှံရာတွင်  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၃၀)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ (၅) ဦး ၊ မှီခိုသူ(၅)ဦး စုစုပေါင်း(၅၀)ကို ထိုးနှံပေးခဲ့သည်။

ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စင်တာ(၁၀)ခုတွင် ပဥ္စမအသုတ် (ဒုတိယ)အကြိမ်အဖြစ် Sinopharm ကာကွယ်ဆေးထိုးနှံသူ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး၊ မှီခိုသူ ၁ ဦးနှင့် ရွှေ့ပြောင်းအုပ်စု ၁ ဦး စုစုပေါင်း (၄၀)ဦးနှင့် ဆဌမအသုတ်(ဒုတိယအကြိမ်) Covidshield ကာကွယ်ဆေးကို နိုင်ငံဝန်ထမ်း ၂ ဦး၊   အခြားဝင်ငွေ ရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၆၅  ဦး၊ မှီခိုသူ ၈၃  ဦး၊ ရွှေ့ပြောင်းအုပ်စုနှင့် ယာယီစခန်း များမှ ၃၃ ဦးနှင့်မသန်စွမ်း ၁ ဦး စုစုပေါင်း (၄၈၄)ဦးတို့အား  ထိုးနှံပေးခဲ့သည်။

ထိုသို့ ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင် ဆရာဝန် ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)