ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်    ဖေဖော်ဝါရီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း(အိုမီခရွန်) ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ(၅)နာရီအချိန်က ရပ်ကွက်များအတွင်းရှိ လမ်းဆုံများ၊လူစည်ကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၏ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရပ်ကွက်အလိုက်ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန်လည် မြင့်တက်နေသည့် အတွက်မိဘပြည်သူများအနေဖြင့် (၁) မိမိအိမ်၌သာ နေထိုင်ကြရန်၊ (၂)မဖြစ်မနေနေ အိမ်အပြင်သို့ ထွက်ခွာသွားလာရပါကလည်း ပါးစပ်နှာခေါင်းစည်းများနှင့် အနည်းဆုံး မဖြစ်မနေသွားလာရသူများသာ သွားလာစေရန်၊ (၃)တစ်ဦးနှင့်တစ်ဦး (၆)ပေကွာမှ စကားပြောဆိုကြရန်၊ (၄)လူထူထပ်သော၊ လူစုလူဝေး ဖြစ်သောနေရာများကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ (၅)အရာဝတ္ထုတစ်ခုခုကို ကိုင်ဆောင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျဆေးကြောရန် (၅) မိမိနေအိမ်အတွင်း မိမိနေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုကို ဖြတ်တောက် နိုင်သည်ဖြစ်၍ အထူးဂရုပြု လိုက်နာပေးရန် စသည့်အချက်များပါဝင်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်များအား တိတိကျကျ လိုက်နာကြရန်ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော်အသိပေးကြေညာလျက် ရှိကြောင်းသိရသည်။

သန်းသန်းအေး (ဒဂုံတောင်)