ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်း၌ ထမင်းနဲထိုးပြိုင်ပွဲကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး တွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်း သာယာဆင်စခန်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ထမင်းနဲထိုးပြိုင်ပွဲကျင်းပခဲ့ကြောင်း ပလင်း ကမ်းသာယာဆင်စခန်း တာဝန်ရှိသူထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်းရှိ ဝန်ထမ်းမိသားစုများ မြန်မာတို့၏ ထမင်းနဲထိုးလရာသီဖြစ်သည့် တပို့တွဲလပြည့်နေ့တွင် ဆင်ဝန်ထမ်းများထ မင်းနဲထိုးပြိုင်ပွဲကျင်းပရာ ထမင်းနဲထိုးရာတွင်လိုအပ်သည့် ကောက်ညှင်းဆန်၊ မြေပဲဆန်၊ နှမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ဆား၊ ဆီတို့အား ကောက်ညှင်းဆန်သုံးပြည်စီနှင့် လိုအပ်သည့် ပစ္စည်းများကို အဆင်သင့်နေရာယူစေပြီး ထမင်းနဲထိုးပြိုင်ပွဲအားစတင်ထိုးစေသည်။ ထ မင်းနဲထိုးရာတွင် စည်းလုံးညီညွတ်ခြင်း၊ စိတ်ဓာတ်ခိုင်မာကောင်းမွန်ခြင်းနှင့် ဆင်ဝန်ထမ်းများ ချစ်ကြည်စည်းလုံးမှု ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ထမင်းနဲထိုးပြိုင်ပွဲအား ဆင်စခန်း ဝန်ထမ်းများ နှစ်ဖွဲ့ခွဲကာယှဉ်ပြိုင်စေကြောင်း သိရသည်။

ထမင်းထိုးပြိုင်ပွဲ ထိုးပြီးသွားသည့်အခါ ဆင်စခန်းလာဆင်ချစ်သူများအား ထမင်းနဲပွဲ နှစ်ပွဲချကျွေးပြီး မည်သည့်ထမင်းနဲပွဲက ပိုကောင်း ကြောင်း ဆုံးဖြတ်မှတ်သားစေပြီး ဆင်စခန်း တာဝန်ခံမှဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရကာ ဆင်စခန်းသို့လာရောက် လည်ပတ် သည့် ခရီးသွားဆင်ချစ်သူများအား ထမင်းနဲများ ကျွေးမွေးခဲ့ကြောင်း၊ ထမင်းနဲထိုးရာတွင် ကျန်ချောင်းဖြင့် သော်လည်းကောင်း၊ ကြူရိုးချောင်းဖြင့်သော်လည်းကောင်း၊ ယောင်းမဖြင့်အတူ ထမင်းနဲထိုးရကြောင်း သိရသည်။

ကိုထိန်၊KPD