ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်    ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို  ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ မန်နေ့၊ ည၇ နာရီနှင့် ယနေ့နံနက်ပိုင်းတို့တွင် ရပ်ကွက်များအတွင်းရှိ လမ်းဆုံများ၊ လူစည်ကားရာ နေရာများတို့တွင် အသံချဲ့စက်ဖြင့်    လိုက်လံနှိုးဆော်ခြင်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်   ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူပရဟိတ လူမှုကူညီရေးအသင်းတို့မှ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက်မှု ပြန်လည် မြင့်တက်နေသည့် အတွက်မိဘပြည်သူများအနေဖြင့် ()မလိုအပ်ဘဲနေအိမ်အပြင်ဘက်သို့ မထွက်ဘဲမိမိနေအိမ်တွင် သာနေထိုင်ကြရန်၊ ()မဖြစ်မနေနေအိမ်အပြင်ဘက်သို့ ထွက်ခွာသွားလာရပါကလည်း ပါးစပ်နှာခေါင်းစည်းများ လက်အိတ်များ ဝတ်ဆင်ပြီးမှ သွားလာရန်နှင့် အနည်းဆုံးမဖြစ်မနေသွားလာရသူများသာ သွားလာစေရန် ()နေအိမ်အပြင်မှပြန်လာသူများ မိမိကိုယ်မိမိ သန့်စင်အောင် ဆောင်ရွက်ပြီးမှ နေအိမ်ဝင်းအတွင်း သို့ဝင်ရောက်ရန်၊ ()လူထူထပ်သော၊ လူစုလူဝေးဖြစ်သောနေရာများကို အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ()အရာဝတ္ထုတစ်ခုခုကို ကိုင်ဆောင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျဆေးကြောသန့်စင်ရန်၊ ()ရောဂါအခံရှိသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် အတူနေထိုင်သူများ ပိုမိုဂရုပြုဆင်ခြင်ပေးရန်နှင့် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ပေအကွာတွင် နေထိုင်ပြောဆိုကြစေရန်၊ ()မိမိနေအိမ်အတွင်း မိမိနေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုကိုဖြတ်တောက်နိုင်သည်ဖြစ်၍ အထူးဂရုပြု လိုက်နာပေးရန်စသည့်အချက်များပါဝင်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်များအား တိတိကျကျလိုက်နာကြရန်ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော် အသိပေးကြေညာလျက်ရှိကြောင်းသိရသည်။

 မြင့်မြင့်ရီ (ဒဂုံမြောက်)