ကော့မှူး ဖေဖော်ဝါရီ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွားလာနေကြသူများ အနေဖြင့် နှာခေါင်း စည်း Mask တပ်ဆင်ခြင်းရှိမရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေဆောင် စေကာ နှာခေါင်းစည်း Maskများဖြန့် ဝေပေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့မဈေးကြီးရှေ့တွင် ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအမှု ဆောင်အရာရှိ ဉီးမိုးကျော်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိ နေပါသဖြင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာ ကြရန် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်း စည်းMaskများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ကော့မှူးမြို့နယ်တွင် ယနေနံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိသူ(၃၈)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကျော်သူရ