သင်္ဃန်းကျွန်းမြို့နယ်တွင်  Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် 

သင်္ဃန်းကျွန်း   ဖေဖော်ဝါရီ ၁၅ 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင် လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ယနေ့၊ နံနက် နာရီ အချိန်မှစ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask)များကို(အခမဲ့)ဖြန့်ဝေပေးကြောင်း သိရှိရသည်။

ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်၊သွားလာစေရေးအသိပညာပေးခြင်း၊ ခရီးသွားပြည်သူများထံ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် Mask  (၂၅၀၀)ခုကို (အခမဲ့) ဖြန့် ဝေပေးကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ကြရန် အသိပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စန္ဒာမိုး