မုဒုံ သြဂုတ် ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ် သမဝါယမအသင်းစုမှ အခြေခံသမဝါယမအသင်း၊ အသင်းသားများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင် ရေးအတွက် ယမန်နေ့ နံနက်၁၀နာရီခွဲမှစ၍ ကြက်သွန်ဖြူနှင့် အာလူးများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် ကိုဗစ်-၁၉ကာလအတွင်း အခြေခံသမဝါယမအသင်း၊ အသင်းသားများ သက်သာချောင်ချိစေရန် ရည်ရွယ်၍ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများ က ကြက်သွန်ဖြူ (၃၉၀)ပိဿာ၊ အာလူး (၄၅၀)ပိဿာများကို ဒေသပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ကျေးရွာသမ အသင်းတစ်သင်းလျှင် ကြက်သွန်ဖြူ (၃၅)ပိဿာ၊ အာလူး(၄၅)ပိဿာ အိတ်တစ်အိတ်နှုန်းဖြင့် လိုက်လံဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မြို့နယ်သမဝါယမအသင်းစုမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)