ဟိုပုံး ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စေရေး ကွင်းဆင်း၍ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်း များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက မိုင်းပျဉ်းကျေးရွာအုပ်စု၊ ကျေးရွာ(၁၀)ရွာအတွင်း ကွင်းဆင်း၍ အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှု မရှိစေ ရေးတို့အတွက် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၂၉၂ ရွာ ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင် စာရင်းအရ (၇၈၁၄၆) ဦး ရှိကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)