ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးနိုင်ရန် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ပျော်ဘွယ် သြဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်း စည်းများတပ်ဆင်ပြီးမှသွားလာရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်းပါဝင်သည့် အဖွဲ့များသည် သြဂုတ်လ(၂၇)ရက်၊ နံနက်(၁၀)နာရီမှစတင်ကာ ရန်ကုန်-မန္တလေးကားလမ်းနှင့်ရန်ကုန်-ဘုရားငါးဆူလမ်းခွဲတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်သည် ရန်ကုန်နှင့်မန္တလေးမြို့တွင်သာမက တောင်ပေါ်ဒေသနှင့်မကွေးတိုင်းဒေသကြီးတို့ အကြားဖြတ်သန်းသွားလာနေသည့်မြိုတစ်မြို့ဖြစ်သည့်အတွက် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများအား အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ပြီးမှသွားလာ​ရေး၊ မလိုအပ်ဘဲလူစုလူဝေးမလုပ်ကြစေရေး၊ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်နှိုးဆော်ချက်များအား အသိပညာပေးပြီး နှာခေါင်းစည်းများမတပ်ဆင်ဘဲသွားလာပါက နှာခေါင်းစည် း(၂) ခုလျှင် ငွေကျပ် (၅၀၀၀) ဖြင့် ဒဏ်ငွေဆောင်စေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)