မအီမြို့ တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိ

မအီ  ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးက စာဖတ်ပရိတ်သတ်များအတွက် စာပေ ဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး  အခြေခံပညာ စာသင်ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို သွားရောက် ငှားရမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သိန်းထွန်းအောင်(ပြန်/ဆက်)