မိုင်းပျဉ်းမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

မိုင်းပျဉ်း  ဖေဖော်ဝါရီ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်၂၀၂၁-၂၀၂၂ခုနှစ် ပထမ(၆)လပတ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကျေးရွာ(၅)ရွာဖြစ်သော ပန်နောင်လုံအုပ်စု၊ ပန်နောင်လုံကျေးရွာနှင့် ဝမ်တာခက်အုပ်စု၊ ဝမ်ဟောင်(၁)ခေါ် ဝမ်ယောင်းကျေးရွာများအား (၁)ရွာလျှင် နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၀)သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ(၂.၇၅၇၅)သန်း စုစုပေါင်း(၁၂.၇၅၇၅)သန်းဖြင့် ကွန်းကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် တာဝန်ရှိသူများက     လုပ်ငန်းများ အချိန်မှီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရန် လိုအပ်သည်များကို လမ်းညွှန်မှာကြား စစ်ဆေးခဲ့ပြီးလုပ်ငန်းပြီးစီးမှုမှာ ၇၅%ခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)