မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်း ဆောင်ရွက်

မိုင်းငေါ့  ဖေဖော်ဝါရီ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ဈေးရက်ကွက်  သို့ သွား‌ရောက် ငှားရမ်းပေးခဲ့ပါသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ =ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ်ပရိတ်သတ်များအတွက် အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ‌ ဈေးရပ်ကွက်သို့သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်