ရန်ကုန် ဖေဖေါ်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယမန်နေ့နံနက်(၉း၀၀)အချိန်က အင်စိန်လမ်းမကြီးနှင့် လှည်းတန်းလမ်းမကြီးတွင် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းမကြီးတွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ အဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့်ယာဉ် လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)