ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး Mask Campaign ပြုလုပ်

ဒဂုံ   ဖေဖော်ဝါရီ   ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးရပ်ကွက်ရှိ အခွန်လွတ်ဈေး၊ ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာစျေး၊ ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွှန့်လမ်းမှ စျေးရောင်းစျေး ဝယ်ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ရေး Mask Campaign များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါပိုး ကူးစက်မှုမှ ကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်၍ အပြင်သွား လာစေရန်နှင့် အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်  စက္ကန့်(၂၀)ကြာအောင် ဆေးကြော ရန်၊ စျေးဆိုင်များအား သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချရန်၊ စျေးရောင်း/ဈေးဝယ်များ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်မှုရှိ/မရှိ ကိုလည်း စစ်ဆေးခဲ့ကြပြီး Maskများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

မိုးမိုးခိုင်

ဒဂုံမြို့နယ်(ပြန်/ဆက်)