သံတွဲ ဖေဖော်ဝါရီ ၁၄
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre) သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်းသို့ သံတွဲမြို့အတွင်းရှိ အဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့ရလူငယ်များ ကွန်ပျူတာအခြေခံ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အဆင်ပြေစေရေးအတွက် တက်ရောက် သင်ကြားလျက်ရှိကြသည်။ ယခုတက်ရောက်နေသည့် သင်တန်းသားများသည် (၁/၂၀၂၁) ကွန်ပျူတာ အခြေခံသင်တန်း တက်ရောက်ပြီးသူများက အဆင့်မြင့် (Advanced Excel) ကို ဆက်လက်သင်ကြားနေခြင်းဖြစ်သည်။
၎င်းသင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက်မှ ဧပြီ ၁၄ ရက်နေ့အထိ (၃)လကြာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ၃ ရက်ဖွင့်လှစ်ပြီး တစ်ချိန်လျှင် သင်တန်းသား ၁၆ ဦးဖြင့် တစ်ရက် ၂ ချိန် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းဆရာများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးညီနိုင်းထက်က အခမဲ့ သင်ကြားပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)