မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် နှိုးဆော်

မော်လမြိုင် ဖေဖော်ဝါရီ ၁၄

ကိုဗစ်-၁၉ အပါအဝင် ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရန် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် မြို့တွင်းလမ်းမကြီး တစ်လျှောက်နှင့် လမ်းသွယ်တို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပိုမိုဖြစ်ပွားမှုများပြီး မြန်မာနိုင်ငံသို့လည်း ရောက်ရှိလာပြီဖြစ်ရာ ပြည်သူများအထူးဂရုပြု တားဆီးကာကွယ်နိုင်ရန် လိုအပ်ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးသက်ရောက်မှုများ ပြန်လည် ကုစားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက် လိုက်နာကျင့်သုံးသွားကြပါရ၊ အလှည့်ကျရောက်ရှိလာသည့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးရန်နှင့်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)