နောင်ချို ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အနော်ရထာမင်း တည်ထားတော်မူခဲ့သော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ယမန်နေ့က အဆိုပါ တဲနန်းတော် စေတီတော်မြတ်ကြီး၏ ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသံမစဲမဟာမြတ်ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၅) ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပွဲကို (၁၅) ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့ (တပို့တွဲလပြည့်နေ့) မွန်းတည့် ၁၂ နာရီအချိန်တွင် သံဃာတော်(၅၄)ပါးတို့ အား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်း ပရဟတိဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်