ဆည်ကြီးကျေးရွာတွင် ‌‌ကျောက်စိမ်းမိုးတောင် ငရုတ်သီးစိမ်းများ ယခင်နှစ်ကထက် အထွက်နှုန်းလျော့

ရမည်းသင်း  ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာတွင် ကျောက်စိမ်းမိုးထောင် ငရုတ်သီးစိမ်းများ ယခင်နှစ်ကထက် အထွက်နှုန်းလျော့နည်ခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းမိုးထောင်ငရုပ်မျိုးများအား ပျိုးထောင်ရတယ် ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်းထဲသို့ (၂)ပေ ပတ် လည်ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ကြာထွန်တိုက်ပေးရခြင်း၊ ပိုးသတ်ဆေး၊ အားဆေးများ ပတ်ဖျန်းပေးရကြောင်းနှင့် စိုက်ပျိုးပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်း ချရကြောင်း သိရသည်။

ကျောက်စိမ်းမိုးထောင် တစ်ဧကစိုက်ပျိုးမယ်ဆိုလျှင် ကုန်ကျစရိတ် (၂)သိန်းရှိတယ် ယခုနှစ်တော့ရှုံးတယ် ပိုးကျတာမြန်သွားတော့ စားဖို့ပဲရတယ် အသီးတွေက မမှဲ့တော့ပဲ အဖြူချောက် တွေဖြစ်ကုန်တယ် ငါအိပ်ဆွတ်မှ တစ်အိပ်ရတယ် မိုးထောင်ငရုတ်သီး တစ်ပိဿာကို (၃၅၀၀) စျေးရောင်းချရပြီး နှစ်တိုင်းတော့ပိုးမကျပါဘူးဒီနှစ်တော့ အထွက်နှုန်းမှာ မျှော်မှန်းသလောက် မထွက်ရှိခဲ့ကြောင်း ကျောက်စိမ်းမိုးထောင်ငရုပ်စိုက်ပျိုးသူ ဦးစိန်မောင်ထံက သိရသည်။

ခရိုင်ပြန်/ဆက် (ရမည်းသင်း)