ကွတ်ခိုင်မြို့၌ COVID-19 ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဒေသခံ တောင်သူများထံ ထောက်ပံ့ငွေများ ပေးအပ်

ကွတ်ခိုင် ဩဂုတ် ၂၇

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ဒေသခံတောင်သူများထံ  မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကိုယမန်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်သည်။

 အဆိုပါ ပေးအပ်သည့်အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဆောင်က အဖွင့်အမှာ စကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး‌ကိုယ်စားခ ရိုင်မျိုးစေ့ တာဝန်ခံဦးအောင်ကိုလတ်က Covid-19 ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့အတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း အ‌ခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကွတ်ခိုင်မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမြတ်ထွန်းအောင်မှ Covid-19ရောဂါ ကာလအတွင်း ဒေသခံ တောင်သူများအခက်အခဲမရှိစေရန်၊ ဝမ်းစာဖူလုံစေရေးအတွက် မျိုးစပါးများကို နည်းစနစ် မှန်ကန်စွာဖြင့် အောင်မြင်အောင်စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး (CERP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက မျိုးစပါးတစ်ဧကအတွက် မျိုးစေ့‌ထောက်ပံ့ငွေ (၈၃၅၀၀)ကျပ် စုစုပေါင်း (၂၅)ဧကအတွက် ထောက်ပံ့ငွေ(၂၀၈၇၅၀၀) ပေးအပ်ရာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူ(၁၀)ဦးက လက်ခံရယူသည်။

 

ကိုမိုင်း(ပြန်/ဆက်)