မဘိမ်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိ ဦးကျော်သက်နိုင်က ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ငါးအိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် နန်းနွဲ့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့မှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၈ ကတ်အား ဦးစီးအရာရှိ ဦးကျော်သက်နိုင်မှ ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော် မောင်မောင်အေးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)