အမ်းမြို့နယ်၌ မြန်မာနိုင်ငံ ကလေးများနေ့အခမ်းအနား ကျင်းပ

အမ်း ဖေဖော်ဝါရီလ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး အမ်းမှုလတန်းကြိုကျောင်းမှ သမီးငယ်လေးများက “ရွှေတူပန်း ငွေတူပန်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှု ဉာဏစွမ်းရည်ပြိုင်ပွဲတွင် စုပေါင်းသီချင်းဆိုပြိုင်ပွဲ အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးမင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေး၊ အမ်းမှုလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ယုယုထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရ သည်။

စိုးမင်းထွန်း