လားရှိုး ဖေဖော်ဝါရီ ၁၃
လားရှိုးမြို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ကျောင်းခန်းမ၌ ဖေဖော်ဝါရီ(၁၃)ရက်နံနက်(၉)နာရီခွဲအချိန်က မြန်မာနိုင်ငံ ကလေး များနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပကြောင်းသိရှိရသည်။
အခမ်းအနား၌လားရှိုးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဉက္ကဋ္ဌ၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ် လေးများက အကများဖြင့် ဖေျာ်ဖြေခဲ့ကြသည်။
မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အခမ်းအနားတွင် မူလတန်းကြိုကျောင်းအမှတ်(၁)နှင့်(၂)တို့မှ ကလေးများနေ့ သီချင်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊လက်ဆင့်ကမ်းပြိုင်ပွဲ၊ အရုပ်ထောင်ပြေးပြိုင်ပွဲများမှ အကြီးဆင့်၊ အငယ်ဆင့် ဆုရရှိသော ရင်သေွးငယ်လေးများကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဉက္ကဋ္ဌ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိလူကြီး မင်းများက ဆုလက်ဆောင်နှင့်အားဖြည့်ပဲနို့ အချိုရည်ဗူးများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ဟန်ဌေး