ဒဂုံတောင် ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး နှိုးဆော်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အထက(လေးထောင့်ကန်)၊ အလက(၄) စာသင်ကျောင်းများအား မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးစီးသော မီးသတ်တပ်ဖွဲဝင်များမှ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောက်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ရောဂါကူးစက်မခံရစေရေးအတွက် စာသင်ဆောင်များ၊ ရေအိမ်လျှောက်လမ်းများ၊ ဆရာ၊ ဆရာမများ နားနေခန်း၊ ရုံးခန်းများအား နေရာလပ်မကျန် ပိုးသတ်ဆေးများအား ထိထိရောက်ရောက် ပက်ဖြန်းဆောင်ရွက်ပေးခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)